Saturday, 26 April 2014

ကမ္ဘာကိုဖျက်မဲ့ မိစ္ဆာဝါဒ နဲ့ တိုင်းရင်သူမွန်သူရဲကောင်းမလေးရဲ့ မေတ္တာ

သူရဲကောင်းမိန်းခလေးတစ်ယောက်ကို သတိရမိလို့  ရေးချင်စိတ်လေး ပေါ်လာတယ်လေ
ဟံသာဝတီ ခေတ်တုန်းက ပါ နာမည်က တလထော် တဲ့ တိုင်းရင်သူလေးပေါ့ စေတနာ ကောင်းသလို သူ့ ရဲ့ သတ္တိကလဲ ပြောင်မြောက်ပါတယ် သမိုင်းတွင်တဲ့သတ္တိမျိုး အတုယူအားကျရမယ့်သတ္တိပိုင်ရှင်လေးပေါ့ မင်းမင်း ဆို သူ့ အကြောင်းဖက်လိုက်ရတာ အရမ်းကိုလေးစားမိသွားတယ် ရင်ထဲမှာလဲ အရမ်းကြည်နူးမိတယ် နောက် ပီး သူ့ အကြောင်းဖက်လိုက်တိုင်းဒေါသ တွေလည်း ထွက်လာတယ် ဘာကြောင့် ကြည်နူးရတယ် ဘာကြောင့် ဒေါသထွက်ရတယ် ဆိုတာကတော့ ဖက်ရင်းနဲ့ သိလာပါလိမ့်မယ်
ပဲခူး မြို့ ဟာ ဟိုအရင် က ဟံသာဝတီ ခေါ်တဲ့ နေပြည်တော်လေ ဟံသာဝတီ မြို့ မှာ တိုင်းတစ်ပါးသားတွေရောက်နေကြပြီပေါ့ ဘာလူမျိုးလဲဆိုတာကတော့ မကောင်းတဲ့စရိုက် အကျင့်တွေနဲ့ ပြည်နှက်နေတဲ့ မိစ္ဆာလူမျိုးခြားတွေ ပါ သူတို့က ဟံသာဝတီဘုရင်မင်းတရားကြီးကို ဆည်းကပ်ကြတယ် သူတို့ လိုချင်တာရအောင်လို့  ကပ်တာ နေ့စဉ်နေ့ တိုင်း ဘုရင် စိတ်ကျေနပ်အောင် ခစားကြတော့ ဘုရင်ကလဲ သူတို့ ကို ယုံကြည်လာတယ် ဒါကြောင့် ဘုရင်ကလဲ ဘာပဲလုပ်လုပ် သူတို့ နဲ့ပဲတိုင်ပင်တယ် သူတို့အကြံကိုပဲ လက်ခံတယ် မိမိလူမျိုးထဲကနေ တိုင်ပင်ခံပညာရှိအမတ်တွေရှိပါတယ် သူတို့ ကို မတိုင်ပင်တော့ဘူး ကြာလာတော့ ဘုရင်က ဘယ်လို ဖြစ်လာသလဲဆိုတော့ ရုပ်သေးရုပ်လိုဖြစ်လာတာ မိစ္ဆာလူမျိုးခြားပုဏ္ဏားတွေ အကြံပေးတာ အကုန်လုံးသဘောတူတယ် အဲလို ဘုရင်ကြီး သူတို့ဘက် ပါလာပီလို့ ရိပ်မိတာနဲ့ မိစ္ဆာ လူမျိုးခြားပုဏ္ဏားတွေ သူတို့ ဘာသာသာသနာ ဟံသာဝတီမှာ ထွန်းကားပြန့် ပွားဖို့ ကြံစီလာကြတော့တယ် ဒီလိုနဲ့  တဖြည်းဖြည်း သူတို့ ရဲ့အကြံအစီကို အကောင်ထည်ဖော်လာလိုက်တာ
                                                            နောက်ဆုံးတော့

တို့ မြန်မာမျိုးနွယ်ဖြစ်တဲ့ ဟံသာဝတီ ဘုရင်မင်းတရားကြီး မိစ္ဆာလူမျိုး တို့ ရဲ့ ဘာသာကိုခံယူလိုက်ရတော့တာပါပဲ မိစ္ဆာလူမျိုးခြားတိုရဲ့ ဘာသာအယူဝါဒကို ကိုးကွယ်တော့တာပဲ တိုင်းပြည်တစ်ခုလုံးရဲ့ အက္ခရာဖြစ်တဲ့ ဘုရင်ကြီးကိုယ်တိုင်ကိုက မိစ္ဆာလူမျိုးတို့ ရဲ့ ပရိယာယ်မာယာတွေ နဲ့ စည်းရုံးသိမ်းသွင်းခံရမူ့ ကြောင့်  ဘာသာခြား လူမျိုး ဘာသာခြား တို့ရဲ့အယူဝါဒတွေကို ခံယူပြီးကိုးကွယ်နေပီဆိုမှတော့ တိုင်းသူပြည်သားတို့ တွေလဲ မကြာခင် သူ့ လိုဖြစ်တော့မှာပဲလေ ဘုရင်ကြီးလဲ မိစ္ဆာအယူဝါဒ ကို ကိုးကွယ် ပီး မကြာပါဘူး ပုဏ္ဏားတွေ က အကြံပေးပါလေရော့ .................. မင်းကြီး မင်းကြီးရဲ့ အာဏာ စက်နဲ့ တိုင်းသူပြည်သားလူအများတို့ ကိုလဲ ကျွန်ုပ်တို့ ကိုးကွယ်တဲ့ အယူဝါဒကို ကိုးကွယ်စေတော်မူရင် တိုင်းပြည်ကြီး ဟိုယခင်ကထက်တိုးတတ်စည်ပင်ပြန့် ပွားနိုင်ကြောင်းပါဘုရား လို သံတောဦးတင်တော့ပါပဲ သူတို့ရဲ့ အကြံပေးမူ့ ကြောင့်  ဘုရင်ကြီးလဲ

ကျိုက္ခမီမြို့နှင့်ကျိုက္ခမီဘုရား

ကျိုက်အဓိပ္ပာယ်
ကျိုက်သူသည် မွန်တို့စကားအနေဖြင့် ကျာ်-ဖြစ်၍ ဘုရား သို့မဟုတ် နတ်-ဟု အဓိပ္ပာယ်ရသည်။ မွန်တို့ သည် မိမိတို့ကိုးကွယ်ရာ အထွတ်မြတ်ထားရာကို ကျာ်-ဟု ရှေ့ထားသုံးကြပြီး မြန်မာတို့က ကျက်၊ကျတ် ၊ကျိုက်၊ကျောက်-ဟု ပြောင်းလဲသုံးကြသည်။ အသရေစောင့်နတ်ကို ကျက်သရေ-ဟု ကျက်-အသံထွက်ဖြင့် လည်းကောင်း က၀ိလက္ခဏသတ်ပုံကျမ်းတွင် သံလျင်မြို့မြတ်၊ တောင်မတ်မတ်၊ ကျတ်ခေါက်ဘုရားရှင်၊ သီခါရစ်ပတ်၊ ပင်လယ်ထွတ်၊ ကျတ်ခမီရှင်ပင်-ဟု ဆိုထားသကဲ့သို့ ကျတ်ခေါက်၊ကျတ်ပွန်၊ကျတ်သလွန်၊ ကျတ်ခမီ-ဟု ကျတ်အသံဖြင့်လည်းကောင်း ကျိုက်ထီးရိုး၊ ကျိုက္ကဆံ၊ ကျိုက္ကလို့၊ ကျိုက်သံလန်စသော စေတီ များတွင် ကျိုက်အသံဖြင့်လည်းကောင်း ကျိုက်ဝိုင်းစေတီတွင် ကျောက်အသံဖြင့်လည်းကောင်း မြန်မာနိုင်ငံ -အောက်ပိုင်းတွင် ကျိုက်လတ်၊ ကျိုက်ပိ၊ ကျိုက်ထော်၊ ကျိုက်ထို၊ ကျိုက်မရောစသည်ဖြင့် ပြောဆိုနေကြ သကဲ့သို့လည်းကောင်း အထွတ်အမြတ်ထားရာတို့တွင် သုံးစွဲကြသည်။
ကျိုက္ခမီမြို့

Temple Run 2 v1.9 MOD APK (Unlimited Gold Coins/Gems)

TempleRun2 ကတော့ Update အသစ်ထွက်လာပါပြီဗျာ။ TempleRun ဆိုတာကတော့ Android Game ထဲမှာ နာမည် ကြီးပြီးလူကြိုက်များတဲ့ Game တစ်ခုဖြစ်ပါတယ်။ ကျွန်တော်လေ့လာကြည့်ရသလောက် ကျွန်တော်တို့နိုင်ငံ ရဲ့ဖုန်းဆိုင်တွေမှာ Software + Game တွေကိုထည့်ပေးပါဆိုရင် ဆိုင်တိုင်းကတော့ TampleRun ကိုမဖြစ်မနေထည့်ပေး ကြပါတယ်ဗျာ။ 

ဆိုင်တိုင်းလိုလိုထည့်ပေးကြတာကိုလည်းတွေ့ရပါတယ်။ တကယ် လည်းကစားလို့ကောင်း တဲ့ Game လေးဖြစ်ပါတယ်။ အခုအသစ်ထွက်လာတဲ့ Version မှာတော့ ကစားရတာ ပိုပြီးကောင်းလာပါတယ် ကျွန်တော်ခဏစမ်းပြီးကစားကြည့်ပြီးပါပြီ။ နမူနာအနေနဲ့ အောက်မှာ Screen Shot တွေကိုလည်း ရိုက်ပြထားပါတယ်ဗျာ။ Android OS 2 .1 နှင့်အထက်ဖုန်းများမှာကစားနိုင် မှာဖြစ်ပါတယ်ဗျာ။
Download Here
===
 
အားလုံးအဆင်ပြေပါစေ

စကားများရန်ဖြစ်ရာမှဝါးဒုတ်နှင့်ရိုက်သဖြင့်ဒဏ်ရာရ


ကျိုက်ထို၊ အေပြီ-၁၆

၁၅-၄-၂၀၁၄ရက်နေ့ ၂၀၀၀နာရီအချိန်ခန့်တွင် ကျိုက်ထိုမြို့၊ကံ့ကော်ရပ်ကွက် သုခလမ်းနေဦးလှရွှေ(ဘ)ဦးအောင်သန်း၊၄၈နှစ်၊ပန်းရံလုပ်ကိုင်သူသည် ၄င်း၏နေအိမ်တွင်အရက်သေစာသောက်စားပြီးအော်ဟစ်ဆဲဆိုနေသဖြင့် ၄င်း၏ယောက်ဖတော်စပ်သူဌေးနိုင်(ခ)ကုလားလေး(ဘ)ဦးသိန်းဟန်၊ ၄၄နှစ်၊ပန်းရံလုပ်၊သုခလမ်း၊ကံ့ကော်ရပ်ကွက်၊ကျိုက်ထိုမြို့နေသူမှ အပြင်သို့စိန်ခေါ်ထုတ်သဖြင့် ဦးလှရွှေမှအပြင်သို့ထွက်ပြီးဌေးနိုင်နှင့် စကားများရန်ဖြစ်ထိုးကြိတ်နပန်းလုံးကြပြီး ဌေးနိုင်မှဝါးဒုတ်ဖြင့်ရိုက်နှက် ခဲ့ရာဦးလှရွှေတွင် “ နဖူးဖူးယောင်ပွန်းခြစ်၊၀ဲနံရိုးကျိုး၊နှာခေါင်းပေါက်ပြဲ၊ ၀ဲနံစောင်းပွန်းခြစ်ဒဏ်ရာ”များရရှိခဲ့သဖြင့်ဦးလှရွှေ၏ဇနီးဖြစ်သူ ဒေါ်စောသန်းမှကျိုကထိုမြို့မရဲစခန်းသို့တရားလို ပြုလုပ်တိုင်တန်း လာသဖြင့်ကျိုက်ထိုမြို့မရဲစခန်း(ပ)၉၁/၂၀၁၄ ၊ပြစ်မှုပုဒ်မ-၃၂၆ ဖြင့်ဌေးနိုင် အားအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားရှိပါသည်။


 ကျိုက်ထိုသားလေး နိုင်ဝင်းဘလောက် ကိုလာလည်ကြသောသူငယ်ချင်းများ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျမ်းမာချင်းနှင်ပြည့် ဆုံနိုင်ကြပါစေ လို့  ကျိုက်ထိုသားလေး နိုင်ဝင်းမှဆုတောင်းပေးလိုက်ပါတယ်

ဆိုင်ကယ်အရှိန်ပြင်းစွာမောင်းနှင်သဖြင့်ယာဉ်တိုက်မှုဖြစ်ပွား

ကျိုက်ထို၊အေပြီ-၁၆

၁၄-၄-၂၀၁၄ရက်နေ့ ၁၅၁၅နာရီအချိန်ခန့်တွင် ကျိုက်ထိုမြို့ဘက်မှ သိမ်ဇရပ်ကျေးရွာဘက်သို့ ဇေယျာထွန်း(ဘ)ဦးသန်းမျိုးနိုင်၊၁၈နှစ်၊အေးရိပ်ငြိမ် (၈)လမ်း၊ကော့စံနိုင်ရပ်ကွက်၊ကျိုက်ထိုမြို့နေသူမောင်းနှင်သည့် ၃၅ယ/---- ဟန်ဘိုအမျိုးအစားနီ/မဲကြားရောင်ဆိုင်ကယ်သည်ကျိုက်ထိုမြို့၊လှည်းလမ်းကူး ကျေးရွာအုပ်စု၊စိန်ကလဲ့ကျေးရွာ၊ကားလမ်းမိုင်တိုင်အမှတ်၊၁၀၅/၁နှင့်၁၀၅/၂ ကြားအရောက်တွင်အရှိန်မထိန်းနိုင်ဘဲ “ မော်လမြိုင်ရွှေဓါတ်ကျွဲကော” ဆိုင်ရှေ့တွင်ရေဆော့ကစားနေသော ဇော်သက်အောင်(ဘ)ဦးသန်းဦး၊၂၁နှစ် ကျဘမ်း၊စိန်ကလဲ့ကျေးရွာနေသူအား ၀င်ရောက်တိုက်မိသဖြင့် သက်ဇော်အောင်တွင် ၀ဲမျက်ခုံးစွန်း၊ပေါ်နှုတ်ခမ်း ပွန်းပဲ့၊ ယာခြေသလုံးရိုးကျိုး၊ ၀ဲဒူးပွန်းခြစ်ဒဏ်ရာများရရှိခဲ့သဖြင့်ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ဇေယျာထွန်းအား ကျိုက်ထိုမြို့မရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၄၊ပြစ်မှုပုဒ်မ-၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိပါသည်။


 ကျိုက်ထိုသားလေး နိုင်ဝင်းဘလောက် ကိုလာလည်ကြသောသူငယ်ချင်းများ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျမ်းမာချင်းနှင်ပြည့် ဆုံနိုင်ကြပါစေ လို့  ကျိုက်ထိုသားလေး နိုင်ဝင်းမှဆုတောင်းပေးလိုက်ပါတယ်

ယာဉ်အားမဆင်မခြင်မောင်းနှင်သဖြင့် ယာဉ်မျက်နှာချင်းဆိုင်တိုက်မှုဖြစ်

ကျိုက်ထို- ဖေဖော်ဝါရီ - ၂၀

၂၀၊၂၊၂၀၁၄ ရက်နေ့ ၁၆၃၀အချိန် ကျိုက်ထိုမြို့နယ်၊ဖက္ကလိပ်ကျေးရွာ၊တံတားဖြူအနီးတွင်ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တာဝန်မှူး ဒုရဲအုပ် သောင်းလှနှင့်အဖွဲ့သည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတံတားဖြူအနီးတွင် ကျိုက်ထိုဘက်မှကော့ဘိန်းကျေးရွာဘက်သို့ ယာဉ်မောင်း စိန်ကုလား(ဘ)ဦးငလုံး(၂၀)နှစ်၊၀င်းကလောကျေးရွာနေသူမောင်းနှင်လာပြီး နော်တွင် မောင်သိန်းဝင်းလိုက်ပါစီးနင်းလာသော နံပါတ်မပါ wave-100 ပုံပြောင်း နီမဲရောင်ဆိုင်ကယ်နှင့်ဘီင်းလင်းဘက်မှ ကျိုက်ထိုဘက်သို့ ယာဉ်မောင်း သိန်းမောင် (ဘ)ဦးကျော်အေး(၄၇)၊ဥဿာမြို့သစ်၊ပဲခူးတိုင်းနေသူ မောင်းနှင်လာသော ယာဉ်အမှတ်- လ/------- Hilux အဖြူရောင် ခရီးသည်တင်ယာဉ်တို့သည် ဖက္ကလိပ်ကျေးရွာ၊တံတားဖြူအနီးအရောက်တွင်

ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သဖြင့် ရထားသံလမ်းတံခါးအား ၀င်တိုက်


ကျိုက်ထို၊ ဖေဖော်ဝါရီ- ၁၂

၁၂ ၊ ၂ ၊ ၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့် ကျိုက်ထိုမြို့မရဲစခန်း၌ ဒုရဲအုပ် သောင်းလှ တာဝန်းမှူးတာဝန် ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့၊ကော့စံနိုင်ရပ်ကွက်၊ရထားသံလမ်းကူး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရဲအုပ် သောင်းလှသည်သက်သေများနှင့်အတူ အခင်းဖြစ်နေရာအားသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါသံလမ်းဆုံတွင် ရထားဖြတ်ချိန်နီး၍ ရထားသံလမ်းဂိတ်စောင့် သက်မင်းထွေးမှ ရထားသံလမ်းတံခါးအားပိတ်ထားစဉ် ကျိုက်ထိုဘက်မှလက်ပြကျေးရွာဘက်သို့ အောင်မြင့်မြတ် မောင်နှင်လာပြီးအလယ်တွင် ကျော်ထွဠ်ခေါင်၊နောက်တွင် ဇေယျာတို့လိုက်ပါစီးနင်းလာသော Honda dream-125 အပြာရောင် လိုင်စင်စီစစ်ဆဲ ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ရထားသံလမ်းတံခါးအား ၀င်ရောက်တိုက်မိခဲ့ပြီး