Saturday, 26 April 2014

ယာဉ်အားမဆင်မခြင်မောင်းနှင်သဖြင့် ယာဉ်မျက်နှာချင်းဆိုင်တိုက်မှုဖြစ်

ကျိုက်ထို- ဖေဖော်ဝါရီ - ၂၀

၂၀၊၂၊၂၀၁၄ ရက်နေ့ ၁၆၃၀အချိန် ကျိုက်ထိုမြို့နယ်၊ဖက္ကလိပ်ကျေးရွာ၊တံတားဖြူအနီးတွင်ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တာဝန်မှူး ဒုရဲအုပ် သောင်းလှနှင့်အဖွဲ့သည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတံတားဖြူအနီးတွင် ကျိုက်ထိုဘက်မှကော့ဘိန်းကျေးရွာဘက်သို့ ယာဉ်မောင်း စိန်ကုလား(ဘ)ဦးငလုံး(၂၀)နှစ်၊၀င်းကလောကျေးရွာနေသူမောင်းနှင်လာပြီး နော်တွင် မောင်သိန်းဝင်းလိုက်ပါစီးနင်းလာသော နံပါတ်မပါ wave-100 ပုံပြောင်း နီမဲရောင်ဆိုင်ကယ်နှင့်ဘီင်းလင်းဘက်မှ ကျိုက်ထိုဘက်သို့ ယာဉ်မောင်း သိန်းမောင် (ဘ)ဦးကျော်အေး(၄၇)၊ဥဿာမြို့သစ်၊ပဲခူးတိုင်းနေသူ မောင်းနှင်လာသော ယာဉ်အမှတ်- လ/------- Hilux အဖြူရောင် ခရီးသည်တင်ယာဉ်တို့သည် ဖက္ကလိပ်ကျေးရွာ၊တံတားဖြူအနီးအရောက်တွင်
မျက်နှာချင်းဆိုင်တိုက်မိကြသဖြင့် စိန်ကုလားနှင့်သိန်းဝင်းတို့တွင်ဒဏ်ရာများရရှိခဲ့ကြ၍ ယာဉ်မောင်း သိန်းမောင်နှင့်ဆိုင်ကယ်မောင်းသူစိန်ကုလားတို့အား ကျိုက်ထိုမြို့မရဲစခန်းယာဉ်(ပ) ၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါသည်။

ကျိုက်ထိုသားလေး နိုင်ဝင်းဘလောက် ကိုလာလည်ကြသောသူငယ်ချင်းများ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျမ်းမာချင်းနှင်ပြည့် ဆုံနိုင်ကြပါစေ လို့  ကျိုက်ထိုသားလေး နိုင်ဝင်းမှဆုတောင်းပေးလိုက်ပါတယ်

No comments:

Post a Comment