Saturday, 26 April 2014

ဆိုင်ကယ်အရှိန်ပြင်းစွာမောင်းနှင်သဖြင့်ယာဉ်တိုက်မှုဖြစ်ပွား

ကျိုက်ထို၊အေပြီ-၁၆

၁၄-၄-၂၀၁၄ရက်နေ့ ၁၅၁၅နာရီအချိန်ခန့်တွင် ကျိုက်ထိုမြို့ဘက်မှ သိမ်ဇရပ်ကျေးရွာဘက်သို့ ဇေယျာထွန်း(ဘ)ဦးသန်းမျိုးနိုင်၊၁၈နှစ်၊အေးရိပ်ငြိမ် (၈)လမ်း၊ကော့စံနိုင်ရပ်ကွက်၊ကျိုက်ထိုမြို့နေသူမောင်းနှင်သည့် ၃၅ယ/---- ဟန်ဘိုအမျိုးအစားနီ/မဲကြားရောင်ဆိုင်ကယ်သည်ကျိုက်ထိုမြို့၊လှည်းလမ်းကူး ကျေးရွာအုပ်စု၊စိန်ကလဲ့ကျေးရွာ၊ကားလမ်းမိုင်တိုင်အမှတ်၊၁၀၅/၁နှင့်၁၀၅/၂ ကြားအရောက်တွင်အရှိန်မထိန်းနိုင်ဘဲ “ မော်လမြိုင်ရွှေဓါတ်ကျွဲကော” ဆိုင်ရှေ့တွင်ရေဆော့ကစားနေသော ဇော်သက်အောင်(ဘ)ဦးသန်းဦး၊၂၁နှစ် ကျဘမ်း၊စိန်ကလဲ့ကျေးရွာနေသူအား ၀င်ရောက်တိုက်မိသဖြင့် သက်ဇော်အောင်တွင် ၀ဲမျက်ခုံးစွန်း၊ပေါ်နှုတ်ခမ်း ပွန်းပဲ့၊ ယာခြေသလုံးရိုးကျိုး၊ ၀ဲဒူးပွန်းခြစ်ဒဏ်ရာများရရှိခဲ့သဖြင့်ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ဇေယျာထွန်းအား ကျိုက်ထိုမြို့မရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၄၊ပြစ်မှုပုဒ်မ-၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိပါသည်။


 ကျိုက်ထိုသားလေး နိုင်ဝင်းဘလောက် ကိုလာလည်ကြသောသူငယ်ချင်းများ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျမ်းမာချင်းနှင်ပြည့် ဆုံနိုင်ကြပါစေ လို့  ကျိုက်ထိုသားလေး နိုင်ဝင်းမှဆုတောင်းပေးလိုက်ပါတယ်

No comments:

Post a Comment