Saturday, 26 April 2014

စကားများရန်ဖြစ်ရာမှဝါးဒုတ်နှင့်ရိုက်သဖြင့်ဒဏ်ရာရ


ကျိုက်ထို၊ အေပြီ-၁၆

၁၅-၄-၂၀၁၄ရက်နေ့ ၂၀၀၀နာရီအချိန်ခန့်တွင် ကျိုက်ထိုမြို့၊ကံ့ကော်ရပ်ကွက် သုခလမ်းနေဦးလှရွှေ(ဘ)ဦးအောင်သန်း၊၄၈နှစ်၊ပန်းရံလုပ်ကိုင်သူသည် ၄င်း၏နေအိမ်တွင်အရက်သေစာသောက်စားပြီးအော်ဟစ်ဆဲဆိုနေသဖြင့် ၄င်း၏ယောက်ဖတော်စပ်သူဌေးနိုင်(ခ)ကုလားလေး(ဘ)ဦးသိန်းဟန်၊ ၄၄နှစ်၊ပန်းရံလုပ်၊သုခလမ်း၊ကံ့ကော်ရပ်ကွက်၊ကျိုက်ထိုမြို့နေသူမှ အပြင်သို့စိန်ခေါ်ထုတ်သဖြင့် ဦးလှရွှေမှအပြင်သို့ထွက်ပြီးဌေးနိုင်နှင့် စကားများရန်ဖြစ်ထိုးကြိတ်နပန်းလုံးကြပြီး ဌေးနိုင်မှဝါးဒုတ်ဖြင့်ရိုက်နှက် ခဲ့ရာဦးလှရွှေတွင် “ နဖူးဖူးယောင်ပွန်းခြစ်၊၀ဲနံရိုးကျိုး၊နှာခေါင်းပေါက်ပြဲ၊ ၀ဲနံစောင်းပွန်းခြစ်ဒဏ်ရာ”များရရှိခဲ့သဖြင့်ဦးလှရွှေ၏ဇနီးဖြစ်သူ ဒေါ်စောသန်းမှကျိုကထိုမြို့မရဲစခန်းသို့တရားလို ပြုလုပ်တိုင်တန်း လာသဖြင့်ကျိုက်ထိုမြို့မရဲစခန်း(ပ)၉၁/၂၀၁၄ ၊ပြစ်မှုပုဒ်မ-၃၂၆ ဖြင့်ဌေးနိုင် အားအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားရှိပါသည်။


 ကျိုက်ထိုသားလေး နိုင်ဝင်းဘလောက် ကိုလာလည်ကြသောသူငယ်ချင်းများ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျမ်းမာချင်းနှင်ပြည့် ဆုံနိုင်ကြပါစေ လို့  ကျိုက်ထိုသားလေး နိုင်ဝင်းမှဆုတောင်းပေးလိုက်ပါတယ်

No comments:

Post a Comment