Saturday, 26 April 2014
ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သဖြင့် ရထားသံလမ်းတံခါးအား ၀င်တိုက်
ကျိုက်ထို၊ ဖေဖော်ဝါရီ- ၁၂
၁၂ ၊ ၂ ၊ ၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့် ကျိုက်ထိုမြို့မရဲစခန်း၌ ဒုရဲအုပ် သောင်းလှ တာဝန်းမှူးတာဝန် ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့၊ကော့စံနိုင်ရပ်ကွက်၊ရထားသံလမ်းကူး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရဲအုပ် သောင်းလှသည်သက်သေများနှင့်အတူ အခင်းဖြစ်နေရာအားသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါသံလမ်းဆုံတွင် ရထားဖြတ်ချိန်နီး၍ ရထားသံလမ်းဂိတ်စောင့် သက်မင်းထွေးမှ ရထားသံလမ်းတံခါးအားပိတ်ထားစဉ် ကျိုက်ထိုဘက်မှလက်ပြကျေးရွာဘက်သို့ အောင်မြင့်မြတ် မောင်နှင်လာပြီးအလယ်တွင် ကျော်ထွဠ်ခေါင်၊နောက်တွင် ဇေယျာတို့လိုက်ပါစီးနင်းလာသော Honda dream-125 အပြာရောင် လိုင်စင်စီစစ်ဆဲ ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ရထားသံလမ်းတံခါးအား ၀င်ရောက်တိုက်မိခဲ့ပြီး
လဲကျတိမ်းမှောက်စဉ် နောက်ဆုံးမှလနုက်ပါစီးနင်းလာသူ အောင်မြင့်မြတ်နှင့်ကျော်ထွဠ်ခေါင်တို့အား ရထားသံလမ်းဘေး ဆွဲချလိုက်ပြီးရထားသံလမ်းပေါ်တွင်ကျန်နေခဲ့သည့်ဆိုင်ကယ်အား ရန်ကုန်-ထားဝယ် အမှတ်-၁၇၅ အဆန်ရထားဖြင့် ကိုက်(၁၀၀)ခန့် ချိတ်ပါသွားခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ(၃)ဦးစလုံး ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ အေင်မြင့်မြတ်(ဘ)ဦးဆန်းဝင်း(၁၉) နှစ်၊ဥသြပိုင်း၊ကံ့ကောရပ်ကွက်နေသူအား ကျိုက်ထိုမြို့မရဲစခန်း(ပ)၃၂/၂၀၁၄၊ မီးရထားအက်-၁၂၉ ဖြင့်အမှုဖွင့်ရေးယူထားရှိပါသည်။
ကျိုက်ထိုသားလေး နိုင်ဝင်းဘလောက် ကိုလာလည်ကြသောသူငယ်ချင်းများ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျမ်းမာချင်းနှင်ပြည့် ဆုံနိုင်ကြပါစေ လို့ ကျိုက်ထိုသားလေး နိုင်ဝင်းမှဆုတောင်းပေးလိုက်ပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment