သူရဲကောင်းမိန်းခလေးတစ်ယောက်ကို သတိရမိလို့  ရေးချင်စိတ်လေး ပေါ်လာတယ်လေ
ဟံသာဝတီ ခေတ်တုန်းက ပါ နာမည်က တလထော် တဲ့ တိုင်းရင်သူလေးပေါ့ စေတနာ
ကောင်းသလို သူ့ ရဲ့ သတ္တိကလဲ ပြောင်မြောက်ပါတယ် သမိုင်းတွင်တဲ့သတ္တိမျိုး
အတုယူအားကျရမယ့်သတ္တိပိုင်ရှင်လေးပေါ့ မင်းမင်း ဆို သူ့ အကြောင်းဖက်လိုက်ရတာ
အရမ်းကိုလေးစားမိသွားတယ် ရင်ထဲမှာလဲ အရမ်းကြည်နူးမိတယ် နောက် ပီး သူ
့အကြောင်းဖက်လိုက်တိုင်းဒေါသ တွေလည်း ထွက်လာတယ် ဘာကြောင့် ကြည်နူးရတယ်
ဘာကြောင့် ဒေါသထွက်ရတယ် ဆိုတာကတော့ ဖက်ရင်းနဲ့ သိလာပါလိမ့်မယ်
ပဲခူး
မြို့ ဟာ ဟိုအရင် က ဟံသာဝတီ ခေါ်တဲ့ နေပြည်တော်လေ ဟံသာဝတီ မြို့ မှာ
တိုင်းတစ်ပါးသားတွေရောက်နေကြပြီပေါ့ ဘာလူမျိုးလဲဆိုတာကတော့
မကောင်းတဲ့စရိုက် အကျင့်တွေနဲ့ ပြည်နှက်နေတဲ့ မိစ္ဆာလူမျိုးခြားတွေ ပါ
သူတို့က ဟံသာဝတီဘုရင်မင်းတရားကြီးကို ဆည်းကပ်ကြတယ် သူတို
့လိုချင်တာရအောင်လို့  ကပ်တာ နေ့စဉ်နေ့ တိုင်း ဘုရင် စိတ်ကျေနပ်အောင်
ခစားကြတော့ ဘုရင်ကလဲ သူတို့ ကို ယုံကြည်လာတယ် ဒါကြောင့် ဘုရင်ကလဲ
ဘာပဲလုပ်လုပ် သူတို့ နဲ့ပဲတိုင်ပင်တယ် သူတို့အကြံကိုပဲ လက်ခံတယ်
မိမိလူမျိုးထဲကနေ တိုင်ပင်ခံပညာရှိအမတ်တွေရှိပါတယ် သူတို့ ကို
မတိုင်ပင်တော့ဘူး ကြာလာတော့ ဘုရင်က ဘယ်လို ဖြစ်လာသလဲဆိုတော့
ရုပ်သေးရုပ်လိုဖြစ်လာတာ မိစ္ဆာလူမျိုးခြားပုဏ္ဏားတွေ အကြံပေးတာ
အကုန်လုံးသဘောတူတယ် အဲလို ဘုရင်ကြီး သူတို့ဘက် ပါလာပီလို့ ရိပ်မိတာနဲ့
မိစ္ဆာ လူမျိုးခြားပုဏ္ဏားတွေ သူတို့ ဘာသာသာသနာ ဟံသာဝတီမှာ ထွန်းကားပြန်
့ပွားဖို့ ကြံစီလာကြတော့တယ် ဒီလိုနဲ့  တဖြည်းဖြည်း သူတို့ ရဲ့အကြံအစီကို
အကောင်ထည်ဖော်လာလိုက်တာ
နောက်ဆုံးတော့
တို
့မြန်မာမျိုးနွယ်ဖြစ်တဲ့ ဟံသာဝတီ ဘုရင်မင်းတရားကြီး မိစ္ဆာလူမျိုး တို့ ရဲ့
ဘာသာကိုခံယူလိုက်ရတော့တာပါပဲ မိစ္ဆာလူမျိုးခြားတိုရဲ့ ဘာသာအယူဝါဒကို
ကိုးကွယ်တော့တာပဲ တိုင်းပြည်တစ်ခုလုံးရဲ့ အက္ခရာဖြစ်တဲ့
ဘုရင်ကြီးကိုယ်တိုင်ကိုက မိစ္ဆာလူမျိုးတို့ ရဲ့ ပရိယာယ်မာယာတွေ နဲ့
စည်းရုံးသိမ်းသွင်းခံရမူ့ ကြောင့်  ဘာသာခြား လူမျိုး ဘာသာခြား
တို့ရဲ့အယူဝါဒတွေကို ခံယူပြီးကိုးကွယ်နေပီဆိုမှတော့ တိုင်းသူပြည်သားတို
့တွေလဲ မကြာခင် သူ့ လိုဖြစ်တော့မှာပဲလေ ဘုရင်ကြီးလဲ မိစ္ဆာအယူဝါဒ ကို
ကိုးကွယ် ပီး မကြာပါဘူး ပုဏ္ဏားတွေ က အကြံပေးပါလေရော့ ..................
မင်းကြီး မင်းကြီးရဲ့ အာဏာ စက်နဲ့ တိုင်းသူပြည်သားလူအများတို့ ကိုလဲ
ကျွန်ုပ်တို့ ကိုးကွယ်တဲ့ အယူဝါဒကို ကိုးကွယ်စေတော်မူရင် တိုင်းပြည်ကြီး
ဟိုယခင်ကထက်တိုးတတ်စည်ပင်ပြန့် ပွားနိုင်ကြောင်းပါဘုရား လို
သံတောဦးတင်တော့ပါပဲ သူတို့ရဲ့ အကြံပေးမူ့ ကြောင့်  ဘုရင်ကြီးလဲ
အမိန်
့တော် မှတ်လိုက်တယ် ။ ဒီနေ့ ကစပြီးတိုင်းသူပြည်သားတွေ အားလုံး
တယောက်မကျန်စေရ ဘုရားရုပ်တွေကို ရေမျော မီး၇ှို့  ထုခွဲဖျက်ဆီးပီး
မိစ္ဆာအယူဝါဒ ကို ကိုးကွယ်ကြရမယ် လို့  အမိန့် ထုက်လိုက်တယ်လေ
ဘုရင်အာဏာဆိုတော့ တိုင်းသူပြည်သားတွေ လဲ ကြောက်တာပေါ့ အိမ်ပေါ်မှာတောင်
ဘုရားပုံ ဘုရားဆင်းတုတော်တွေ မထားရဲကြဘူး အကုန်လုံး ရေမျောပစ်ကြတယ် တချို
့လဲ မီး၇ှို့ ပစ်ကြတယ် အသတ်ခံရမှာကြောက်တာကို ဒီလိုနဲ့ ဟံသာဝတီ တစ်မြို
့လုံး မိစ္ဆာအယူဝါဒကိုယ်းကွယ်ကြပါရော့ လေ ဗုဒ္ဓဘာသာတွေ အကုန်လုံး
မိစ္ဆာလူမျိုးခြားတို့ ရဲ့ ဘာသာဝင်တွေ ဖြစ်ကုန်ရော့ 
တစ်ချို
့ဗုဒ္ဓဘာသာကို အစွန့် ချင်ကြပါဘူး ဒါပေမယ့်လည်း အသက်ကိုတောင်ရန်ရှာလာမှာမို့
စွန့် ကြရတာပေါ့ ဟံသာဝတီအစပြုလို့ တိုင်းသူပြည်သားတွေအကုန်လုံး အရင် က
ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ သူတွေဆိုတော့ အိမ်တိုင်းမှာ ဘုရားဆင်းတုတော်တွေ
ရှိကြတယ်လေ ခုကြတော့ ဘုရင်အာဏာကြောက်လို့  ဆင်းတုတော်တွေ စွန်
့ပစ်လိုက်ကြတာ မြစ်ထဲမှာ ပုံလို့ ရေခပ်လာတိုင်း တွေ့ နေရတယ် ဘယ်သူမှ
မဆယ်ရဲကြဘူး ထူးခြားတစ်ခုကတော့
မိန်းမပျိုလေးတစ်ဦးက သူများတွေလို
မဟုက်ဘူး တစ်မြို့ လုံး ဘုရားဆင်းတုတော်တွေကို စွန့်ပစ်ကြပေမယ့် သူကတော့
မစွန့် ပစ်ဘူး ပိုလို့ တောင်ကြည်ညိုနေသေးတယ် မိန်းမပျိုလေး က
အသင့်သင့်ဥစ္စာချမ်းသာတဲ့မျိုးနွယ်ထဲကပါ သူအိမ်မှာ ဘုရားဆင်းတုတော်တွေ
၇ှစ်ဆူကိုးကွယ်ထားတယ် နေ့ တိုင်း ပန်းရေချမ်း ဆီမီး ဆွမ်း ကပ်တယ် နေ
့တိုင်းဘုရားရှိခိုးတယ် တရားထိုင်တယ် ဘုရင်ကြီးက ဘုရားဆင်းတုတော်တွေကို
အိမ်ပေါ်တင်ပြီးကိုယ်းကွယ်တဲ့ သူတွေကို သတ်မိန့်ပေးထားပေမယ့်
မိန်းမပျိုလေးကတော့ ပုံမှန်ကိုးကွယ်နေတာပဲ မြစ်ထဲမစွန့် ပစ်ဘူး သက်ခံရမှာလဲ
သူ မကြောက်ဘူး တနေ့ သူ့ သူငယ်ချင်းအပေါင်းအဖော်မိန်းခလေးတွေ နဲ့
မြစ်ဆိပ်သွားပီးရေခပ်ကြတယ် အဲဒီအချိန်မှာ အဝေးကနေမျောလာတဲ့
ဘုရားဆင်းတုရုပ်လေးကိုတော့ သူကဆယ်ယူဖို့သွားတယ် သူ့ သယ်ရင်းတွေက
..................နင် မဆယ်နဲ့နော် ဘုရင်ကြီးသိရင်
အသတ်ခံရလိမ့်မယ်............. လိုပြောဆိုကြပီးတားမြစ်ကြတယ် တားပေမယ့်  သူက
နားမထောင်ဘူး................. အေး နင်တို့  အသတ်ခံရမှာကြောက်ရင်မဆယ်နဲ့လေ
ငါတော့ သတ်ချင် သတ်ပါစေ ဆယ်မယ်................. ဆိုပြီး ဆယ်ယူခဲ့တာပါပဲ
အိမ်ကို သယ်ပီးသေချာ ကိုးကွယ်ထားတယ် ဒီအကြောင်းကို နောက်တော့
ဘုရင်နားတော်ဆီ သတင်းပေါက်ကြားသွားတယ် ဘုရင်က သူ့ကို ဖမ်းတော့တာပေါ့ဗျာ
ဒါပေမယ့် မိန်းမပျိုလေးက
မကြောက်ဘူးဗျာ
ပြုံးလို့တောင်နေနေသေးတယ် သူရဲ့မျက်နှာလေးဆို ကြည်လင်နေတာပါပဲ သူ
့ကိုမြင်လိုက်တိုင်း စိတ်မကောင်းဖြစ်မိကြတယ် ဒါပေမယ့် ဘုရင်အာဏာနဲ့
ဆိုတော့ ဘာတတ်နိုင်မှာ လဲ စိတ်မကောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ကြဘူးလေ
ဖမ်းသွားတဲ့ အချိန်မှာ သူနှလုံးသားထဲမှာ ဘုရားတရားသံဃာ ဆိုတဲ့
ရတနာ၃ပါးကလွဲလို့ အခြားဘာမှမရှိဘူး ရတနာ ၃ ပါး ပဲ ရင်ထဲမှာထားတယ်သူ့ ရဲ
့ရင်ထဲ နှလုံးသားထိ ရတနာ၃ပါးကရှိနေပြီလေ ဘာကြောက်စရာလိုသလဲ သူ
ဘာမှလဲကြောက်စရာမလိုတော့ဘူးသူ့ ရင်ထဲက ရတနာ၃ ပါးကို ဘယ်သူဖျက်ဖျက် မပျက်ဘူး
ယုံကြည်တယ် ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးပေးမယ် မကောင်းတာလုပ်ရင်
မကောင်းတဲ့အကျိုးပေးမယ် ဆိုတာ သူ့ ရဲ့ ရင်ထဲကနေ နှစ်နှစ်ကာကာ ယုံကြည်ထားတာ
ယုံကြည်နေတာ အခြားလူတွေလို သတ်ခံရမှာကြောက်လို ကိုးကွယ်တာမျိုးမဟုက်ဘူး
သူများတွေလို သမန်ကာရှန်ကာ ယုံကြည်တာမျိုးမဟုက်ဘူး လေးလေးနက်နက်ကို
ယုံကြည်တာ ပေါ့သေးသေးယုံကြည်တာမဟုက်ဘူး
မှုးမတ်တွေ က
ကြိုးတုပ်ပီးဖမ်းလာလိုက်တာ ဘုရင့် နန်းတော်ရောက်လာပါရော့ မင်းကြီးက
ရောက်လာတော့ ဆင်နဲ့ နင်းသက်ဖို့ အမိန့် ချတယ် အဲဒီအချိန်မှာမိန်းခလေး က
တွေးမိပါတယ် ဘယ်လိုတွေးလဲဆိုတော့ .......................
ဒီအချိန်မှာ ငါ့အတွက်အားကိုရာဆိုလို့ သူတော်ကောင်းတို့ ရဲ့ မေတ္တာတရား က
လွဲလို့ အခြားငါ့မှာ အားကိုးစရာမရှိတော့................ လို့
တွေးမိတယ် ဒါနဲ့ပဲ သူ့ ရဲ့ စိတ်တွေကို ပြေးလာနေတဲ့ ဆင်ကြီးအပေါ်မေတ္တာ
စိတ်တွေနဲ့ ဖြန့် လွတ်ပီးပို့နေတော့တာ ပါပဲ ဆင်က
ယဉ်းကျေးလိမ်မာတဲ့ဆင်မဟုက်ဖူး ရိုင်းစိုင်ပါ့ပေ့ ဆိုတဲ့ဆင်မျိုး
နန်းရင်ပြင်ပေါ်မှာ လူတွေ ကလဲ အုံခဲလို့ ကြည့်နေကြတယ် လာပါပီ ဆင်ကြီး
အရက်တွေတိုက်ထားတာဆိုတော့ တဟုန်းထိုးပြေးလာတာ နန်းရင်ပြင်ပေါ်ထိပြေးလာတာ အဲ
နန်းရင်ပြင်ပေါ်လဲရောက်ရော့ မိန်းမပျိုလေးကိုလည်းတွေ့ မြင်ရရော့  ဆင်ကြီး
တဟုန်ထိုးပြေးလာရာကနေ တန့် ခနဲ ကို ရပ်သွားတာပဲ ဘယ်လို သွားခိုင်းခိုင်း
ဆင်ကြီး က မသွားတော့ဘူး ရှေ့ကို မတိုးတော့ဘူး ဘာလို့  ဆင်ကြီးက
မိန်းခလေးကို နင်းမသတ်တာလည်းလို့ဆိုရင် လူတွေကသာ မသိတာ တိရိစ္ဆာန်တွေက
သူတော်ကောင်းတွေရဲ့မေတ္တာတရားကို သိတယ် နားလည်တယ် သူတော်ကောင်းတွေ
ရဲ့မေတ္တာဓာက်နဲ့တွေ့ ထိခွင့်ရတဲ့သတ္တ၀ါတွေဟာ ဘယ်လောက်ကြမ်းတမ်းနေပါစေ
အေးငြိမ်းတဲ့သဘောကိုဆောင်သွားကြတာ အဲဒါ ဓမ္မရဲ့ သတ္တိထူးပါပဲ အဓမ္မ္မ ဆိုတာ
ထာဝရ မဟုက်ပါဘူး ဓမ္မ သသည်သာလျှင် ထာဝရ ပါ
ဒါနဲ့ နောက်ထပ်
ဆင်တစ်ကောင်ကို လွှတ်ပီး နင်းသတ်ခိုင်းပြန်ပါတယ် မအောင်မြင်ဘူး မင်းကြီးက
ဘာလို့  ဒီလို ဖြစ်ရတာလဲ လို့ ပုဏ္ဏားတွေ ကို မေးတော့ ပုဏ္ဏားတွေက တွေးတယ်
ဒီမိန်းခလေး သေမှ ဖြစ်မှ နို့  မဟုက်ရင် ငါတို့ ကို
မင်းကြီးဒုက္ခပေးလိမ့်မယ် လို့ တွေးတယ် ဘယ်လောက်ယုတ်မာလဲဆိုတာ
တွေးကြည့်ပါတော့ သူ့ တိုရဲ့ လုပ်ကြံမူ့ ကြောင့်  ဘုရင်ကြီး ရော
တိုင်းသူပြည်သားတွေပါ သူတို့ဘာသာတွေဖြစ်ကုန်ပီ တွေးပီး
မင်းကြီးရှောက်တယ်.............. မင်းကြီး ဆင်တွေက လူပုံကို မြင်ရင်လို့
မနင်းရဲ တာပါ လူပုံမမြင်ရရင် နင်းရဲပါကြောင်းပါ ဒါကြောင့်  မိန်းမပျိုလေး
ရဲ့ ခန္ဓာ ကို တစ်ခုလုံးကို ဖျာနဲ့ ပတ်လိပ်ပြီး နင်းခိုင်းရင်
ရနိုင်ကြောင်းပါ ..........................လိုလျှောက်တင်တော့ မင်းကြီးလဲ
သူတို့ အကြံပေးတဲ့ အတိုင်းပဲထပ်ပီးသတ်စေတယ် အခြားဆင်နဲ့နင်းသတ်စေတယ်
မရဘူး မအောင်မြင်ဘူး ဆင်တွေက မိန်းမပျိုလေးမမြင်ရခင်တော့ ပြေးလာကြပေမယ့်
မြင်လိုက်ပီးနောက်မှာတော့ ရန်တန့် သွားကြတယ် ဘာကြောင့်လဲ ဆိုတာကတော့
မိန်းမပျိုလေးရဲ့ ရင်ထဲမှာ စိတ်ထဲမှာ နှလုံးသားထဲမှာ
မေတ္တာတရားနဲ့ရှိနေတယ် ရတနာ ၃ပါး စွဲစွဲမြဲမြဲယုံကြည်ထားတဲ့သဒ္ဓါတရားရှိနေတယ်
အဲဒီမေတ္တာတရားနဲ့ ယုံကြည် မူ့ သဒ္ဓါတရားကြောင့်  သူ မကြောက်ဘူး
မတုန်လှူပ်ဘူး အဲဒီ ယုံကြည်မူ့ သဒ္ဓါတရားကြောင့် ဆင်တွေ လဲ သူ့ ကို နင်းပီး
မသတ်ရဲဘူး တိရိစ္ဆာန်တွေ ဆို လူသားတွေ ထက်ယုတ်ညံတယ် အောက်ကျတယ် ဒါပေမယ့် 
သူတော်ကောင်းတို့ ရဲ့ဂုဏ်ကျေးဇူးကိုသိတတ်တယ် လူသားတွေ ဆို သူတို့ထက်ပိုပီး
သိတတ်ရမှာ ခုတော့ မသိတတ်တဲ့အပြင်
ဘယ်လာက်ဝမ်းနည်းစရာကောင်းသလဲဆိုတာတွေးတာကြည့်လိုက်ပါတော့ ဖျာနဲ့
တစ်ကိုယ်လုံးကို ဖုံး ပြီး ဆင်တွေ တစ်ကောင်ပီး တစ်ကောင် နင်းသတ်ခိုင်းနေတယ်
ဒါပေမယ့် မအောင်မြင်ဘူး မအောင်မြင်တော့ပုဏ္ဏားတွေ လဲ ချွေးတွေထွက်နေပြီ
ဟုက်တယ်လေ သူတို့ အကြံမအောင်မြင်ဘူးဖြစ်နေတာကို ဒါပေမယ့် နောင်တရမယ်တော့
မထင်နဲ့ ဗျ သေကိုစေရမယ် လို့ တွေး ပြီး မင်းကြီး ထပ်ပီး အကြံပေးတယ်
ဘယ်လိုအကြံလဲဆိုတော့ ...........မသေမချင်း မီးရှို့ သက်စေ တဲ့
..............ရက်စက်လိုက်ကြတာ ဒီလို သူတစ်ပါးရဲ့ အသက်ကို မသေမချင်း သတ်တဲ့
အယူဝါဒမျိုး ကောင်းနိုင်မလားဆိုတာ စာဖက်သူတို့ တွေးကြည့်ပါ သတ်တဲ့ သူကို
ဘယ်သူက နှစ်သက်ပမလဲ ခင်ချင်ကြမလားမေးရင် ဟွန်း ဆိုပြီး နှာခေါင်းတောင် ၇ှုံ
့သွားအုံးမှာ အဲ လို မေးတဲ့ သူကို တောင် ဆဲသွားလိမ့်အုံးမယ် ကို့ အသားကို
နာကျင်အောင်လုပ်တဲ့သူကို ဘယ်သူမှ မနှစ်သက်ဘူး ဟုက်တယ်နော် မယုံရင် လက်တွေ့ 
ကိုယ့် အသားကို ဓားလေးနဲ့ ပါးပါးလေးလှီးကြည့် ပါ ပျော်ရွင်ရဲ့လားလို့
ပြုံးနေနိုင်လားလို့ အောင်မလေး နဲ့ ငယ်သံပါအောင်တောင်ဆဲလိုက်မှာ
မိန်းမပျိုလေးကို မသေမချင်းသတ်ကြဖို့ ထင်းပုံကြီးပုံထားတာ အကြီးကြီးပဲ
မလောင်နိုင်တဲ့ အသားတွေ မထဲ့ဘူး မီးလောင်လွယ်တဲ့ အသားတွေ နဲ့ ပဲ ပုံထားတာ
မလောင်မှာစိုးလို့ ဓာတ်ဆီတောင်လောင်းထာလိုက်သေးဗျ ( ဟဲ အဲခေတ်က
ဓာတ်ဆီမ၇ှိသေးဘူးထင်တယ် မြင်အောင်ေ၇းလိုက်တာပါ) အကြိမ်ပေါင်းများစွာ
သေအောင်သတ်ခဲ့ပေမယ့် မသေခဲ့လို့မို့ မင်းကြီးက အခွင့် အရေးပေးချင်တဲ့
စိတ်လေးဖြစ်လာတယ် ဒါကြောင့် ပဲ မင်းကြီးကပြောတယ် ..........အသင်မိန်းခလေး
သင့်ကို နောက်ဆုံးအနေနဲ့ အခွင့် အရေးတစ်ခုပေးမယ် အဲဒီပေးတဲ့ အခွင့်အရေးကို
အောင်မြင်အောင်ပြုလုပ် ပြနိုင်ရင် သေဒဏ်ကလွတ်ငြိမ်းခွင့်ပးမယ်...........
လို့ ပြောလိုက်တယ် .............သင် မိန်းခလေး လုပ်ပြရမှာက သင်မိန်းခလေးရဲ့
အိမ်မှာ ကိုယ်းကွယ်ပူဇော်ထားတဲ့ ဘုရားဆင်းတုတော် တွေကို ကောင်းကင်ကနေ
နန်းရင်ပြင်ကို ပြန်ကြွလာအောင်လုပ်
ပြပါ ............တဲ့
ဘုရားဆင်းတုတော်တွေကို
ကောင်းကင်ကနေ ပြန်ကြွလာအောင် လုပ်နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး
ကြည့်နေတဲ့ လူတွေကတွေးတယ် ဒီတစ်ခါတော့
သေမှာအမှန်ပဲလို့တွေးပြီးကြည့်နေတဲ့ တိုင်းသူပြည်သားတွေခမျာ မျက်ရည်တွေ
လိမ့်ဆင်းလာတော့တာပါပဲ ဒီမိန်းခလေး ဆိုတာကလဲ တိုင်းသူပြည်သားတွေက
တစ်ယောက်အပါအ၀င်ပဲလေ ဘယ်လိုလုပ်ပီး ၀မ်းသာနိုင်ပါ့မလဲ
မင်းမင်းကိုယ်တိုင်တောင် သူ့ အကြောင်းဖက်ရင်းနဲ့ မျက်ရည်ဝဲခဲ့မိတာ
ရင်ထဲမှာဆို ဘယ်လိုမှမနေတတ်အောင် ၀မ်းနည်းမိပါတယ် ဟုက်တယ်လေ အပြစ်တစိမှ
မရှိတဲ့ မိန်းမပျိုလေးကို ခုလို မသေမချင်သက်နေတာ ဘယ်သူကြည့်ရက်ပါ့မလဲ
စာကို ရှေ့ တောင်ဆက်မဖက်နိုင်အောင်ဝမ်းနည်းမိတာ အတော်ကြာမှ ဖက်ဖြစ်တာ
ဘေးကနေကြည့်နေတဲ့လူတွေ ရဲ့
မျက်နှာမှာမျက်ရည်တွေ
ဝိုင်းနေပေမယ့် မိန်းမပျိုလေး ရဲ့
မျက်နှာမှာတော့အပြုံးတောင်မပျက်ဘူးဗျာပိုလို့တောင်ကြည်လင်လာသလားထင်ရတယ်
အဲဒါပေါ့ သူတော်ကောင်းတို့ရဲ့ မျက်နှာ ဟုက်တယ် သူတော်ကောင်းတွေ ရဲ့ မျက်နှာ
ဘယ်ချိန်ကြည့်ကြည့် ကြည်လင်နေတယ် အေးမြနေတယ် သူ့တို့ မျက်နှာ
မြင်ရသူတိုင်း လည်းစိတ်ထဲမှာ အေးချမ်းသွားတယ် ခုဆိုကြည့်  မိန်းခလေးကို
ကြည့်လိုက်သူတိုင်း အံသြသွားရရုံတင်မကဘူး သူ ဘယ်လို လုပ်ပြမလဲ လို့ စောင့်
မျော်ကြည့် နဲ့ ကြည့်နေကြတယ် တိုင်းသူပြည်သားတွေကသာ ၀မ်းနည်းနေတာ
ပုဏ္ဏားယုတ်တွေ က ပျော်နေသဗျာ ဟုက်တယ်လေ ဒီတခါတော့ သူ မရှင်နိုင်ဘူး သေကို
သေရမှာ လို့ တွေးပီး ပျော်နေတာ အဲဒီ မင်းကြီး အခွင့်အရေး ပေးလိုက်တဲ့
အချိန်မှာ မိန်းမပျိုလေး က မင်းကြီးကို
တစ်ခုတောင်းဆိုလိုက်တယ်............... မင်းကြီး ကျွန်တော်မျိုးမကို
ဘုရားဆင်းတုတော်တွေ ကောင်းကင်ကနေပြန်ကြွလာအောင် မလုပ်ပြခင် ခန္ဓာကိုယ် ကို
သန့်ရှင်းအောင်ရေချိုးခွင့် ပြုပါ.လို့ တောင်းဆိုလိုက်တယ်
မင်းကြီးကခွင့်ပြုတယ် နံသာရေတွေ ပေးလိုက်တယ် မိန်းမပျိုလေး က နံသာရေနဲ့
ရေချိုးပြီး ခန္ဓာကိုလေးကို သေချာ အနေထားကျကျ နေလိုက်တယ် လက်အုပ်ချီ
လိုက်တယ် အဲလို သေချာကျကျနန ထိုင်ပီး စိတ်ထဲကနေ ဘုရားရဲ့ဂုဏ် တရားရဲ့ဂုဏ်
သံဃာတော်တွေရဲ့ဂုဏ်ကျေးဇူးတွေကိုအာရုံပြုလိုက်တယ် ပါးစပ်ကလဲ ရွတ်တယ်
ပါးစပ်က ရွက်ပြီးဆိုတာ ၀စီကံကုသိုလ်ခေါ်တယ် စိတ်ကလဲ ပါတဲ့ အတွက် မနောကံ
ကုသိုလ်ခေါ်တယ် ခန္ဓာကို ကိုသေချာကျကျနန ရိုသေစွာထိုင်ပြီးရှိခိုးတာ ကာယကံ
ကုသိုလ်ခေါ်တယ် မိန်းမပျိုလေး က အဲလို ရှိခိုးပြီး စိတ်ထဲနေ
လျှောက်ထားလိုက်တယ် ၊ ...................
ဘုန်းတော်ကြီးမြတ်တော်မူလှသော
ဘုရားရှင်ဘုရား တပည့်တော်မသည် တတ်သိနားလည်တဲ့ အချိန်ကစပြုပီး
ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးကို
ယုံကြည်ကိုယ်းကွယ်ဆည်းကပ်ပူဇော်ခဲ့ပါဧ။်ဘုရား နေစဉ်နေတိုင်း တပည့်တော်မ
အိမ် မှာ သီးတင်းသုံးတော်မူကြသော ဘုရားဆင်းတုတော်တိုကိုလည်း ပန်း ရေချမ်း
ဆွမ်း ဆီမီး စသည်တို့ကို ရိုသေစွာကပ်လှုပါဧ။်ဘုရား ရတနာ
မြတ်သုံးပါးတို့ကိုလည်း အသက်ထက်မက ယုံကြည်ပါဧ။်ဘုရား
နေတိုင်းဘုရားဝတ်ပြုခြင်းကိုလဲ ၀တ်ပြူပါဧ။်ဘုရား ခု
သက်ရှိထင်ရှားရှိချိန်ထိ ပါဏာတိပါတ စသော ငါးပါးသောသီလတော်မြတ်တို့ကိုလည်း
ခါးဝတ်ပုဆိုးပမာမြဲမြံစွာစောင့်ထိန်းပါဧ။်ဘုရား တပါးသော သီလကိုမျှ
မလွန်းကျူပါဘုရား တပည်တော်မသည် က်ျကုသိုလိအစုစုကို
ဂင်္ဂါဝါဠုသဲစုမကပွင့်တော်မူပြီးကြကုန်ဘုရားရှာရှင်ကိုယ်တော်မြတ်ကြီးတို့
ဂုဏ်တော်တို့ကိုပူဇော်ပါဧ။် တိုင်တည်သစ္စာ ဆိုပါဧ။်ဘုရား
က်ျမှန်သောသစ္စာစကားမှန်ကန်ပါက တပည့်တောမဧ။်
အိမ်ပေါ်၌သီတင်းသုံနေထိုင်တော်မူကြကုန်သော
ဘုရားဆင်းတုတော်ရုပ်ပွားတော်မြတ်တို့ သည် ကောင်းကင်ခရီးမှပြန်ကြွလာပီး
နန်းရင်ပြင်ပေါ်သို့ သီးတင်းသုံးရန်ကြွတော်မူပါဘုရား ။
လို့ သစ္စာဆိုလိုက်တယ် အဲလို သစ္စာဆိုပြီး မကြာပါဘူး ခဏနေတော့
အရောင်တလက်လက်နဲ့ ဆင်းတုတော် တွေ ကြွတော်မူလာတယ် မိန်းခလေးမှာ ကြည့်ပီး
ကြည်နူးပီတိတွေ ဖြစ်ရပါတော့တယ် လောက ကြီးမှာ အားကိုးရာအစစ် တွေကို
ဘုရားရှင်ဟောကြားတော်မူခဲ့ ပါ တယ် စာဖက်တဲ့ သူတွေ လဲ သိပီးသားပါပဲ
ဘာလဲဆိုတော့
အတ္တာဟိ အတ္တနော နာထော = မိမိ ရဲ့ ကိုယ်းကွယ်ရာအစစ်က
ကိုယ့်ကိုကိုပါပဲတဲ့ ဟုက်တယ်ဗျ ကိုယ်တိုင်က မကောင်းတာကိုလုပ်ရင်
မကောင်းတာကိုအားကိုးတာခေါ်တယ် ဒါကြောင့် မကောင်းတာအားကိုးရင်
မကောင်းတဲ့အကျိုးကိုခံရမှာ မြေကြီးလက်ခက်မလွဲသလိုပေါ့ ကောင်းတာလုပ်ရင်
ကောင်းတာကို ကိုးကွယ်နေတာပဲ ကောင်းတဲ့ အကျိုးရမှာ ခုကြည့်ပါ မိန်းမပျိုလေး
ကို ယ့်ကိုကို အားကိုးတယ် ကောင်းမူ့ တွေလုပ်တယ် ငါးပါးသီလစောင့်ထိန်းတယ်
ငါးပါးသီလ ကို ဘုရားရှင်တွေ က အစားလာပီး စောင့်ထိန်းမပေးပါဘူး
ဘုရားရှင်ကိုယ်တော်မြတ်တွေက ဒါကိုလုပ်ရင် ကောင်းတဲ့အကျိုးရမယ်
မကောင်းတဲ့အကျိုး၇မယ် လို့ ညွန် ပြတော်မူရုံသာ လုပ်ရမှာ ကိုယ့်ကိုယ်ပဲ
ဒါကြောင့် သတ္တ၀ါတွေရဲ့ နံပါတ် ၁ ။ မိမိကိုယ့်ကိုကို အားကိုရမှာ
၂ ။ ရတနာ ၃ပါးကို အားကိုးရမှာ
ဒီနှစ်ချက်ပဲ
လောကမှာ ဖန်ဆင်းရှင် ဆိုတာ ကိုယ်တိုင် ပဲ ဟုက်တယ် ကိုယ်တိုင်က
ကောင်းအောင်ဖန်ဆင်းရင် ကောင်းကောင်းနေရမှာ မကောင်းအောင်ဖန်ဆင်းရင်
မကောင်းစွာနေရမှာ ကြည့် လေ လူသတ် တဲ့ အပြစ်ကောင်တွေ အဲဒီ သတ်တဲ့ အပြစ်ကို
ဘယ်သူက အစားလာခံပေးသလဲ ဘယ်မှ လာခံမပေးဘူး ကိုတိုင်ခံရတာ ထောင်ကျတာ
ခံရတာပဲလေ လောကကြီးက ကိုယ်ထက်လည်တယ် ဒါကြောင့်
တခုခု လုပ်ပီဆိုရင်
ပြောတိုင်းမယုံရဘူး သေချာဆန်းစစ်ရတယ် အဲလိုမဆန်းစစ်ဘူးဆိုရင်ရင် မှားတတ်တယ်
ကိုးကွယ်မူ့ တစ်ခု ပြုတော့မယ်ဆိုရင် ကိုယ်ကိုးကွယ်ချင်တဲ့ အရာကို သေချာ
လော့လာပါ ပြောတိုင်းမယုံရဘူး လေးစာရတဲ့သူကပြောလဲ တန်းပြီးမယုံရဘူး
စာပေ နဲ့ကိုက်ညီတယ်ဆိုပီး လဲ တန်းပီ မယုံရဘူး
ကိုယ်တိုင်လေ့လာပါ သေချာ
ဥာဏ်နှ င့် တွေးပါ ဘာလို့ လဲဆိုတော့ ကိုးကွယ်မူဆိုတာ အရေးကြီးလို့ပါ
ကိုယ်းကွယ်မူ့ မှားရင် သွားပီတစ်သက်မဟုက်ဘူးတစ်သံသရာလုံးမှောက်မှားတော့တာပဲ
ဆ၇ာကိုယ်းကွယ်မု့ မှားခဲ့ လို အဇာတသတ် မင်းသားငရဲရောက်ရတယ် မိဘကို လိုက်
သတ်လို့ မြေမြိုခံရတယ် (ဧရာဝတီတိုင်းမှာ ကျိုက်လက် ကျိုက်ပိ လား မသိဘူး
တကယ်ဖြစ်ခဲ့တာ ယခုခေတ်ရဲ့သက်သေပေါ့)
ဘုရားဆင်းတုတော်တွေ ကြွလာတော့
ဘုရင်ကြီး မနေနိုင်တော့ဘူး နောင်တကြီးစွာရတော့တာပဲ ဟုက်တယ်လေ အဲဒီကြမှ
တောင်းပန်းပြီးခွင့်လွတ်ခိုင်းတယ် သူတော်ကောင်းတို့ မည်သည်
မိမိအပေါ်မကောင်းကြံသော သူတို့အပေါ် အပြစ်မယူတတ်ခွင့်လွတ်မြဲ ဓမ္မတာတည်း
ဘုရင်မင်းကြီးလည်း ခုလို ဖြစ်ရတာ မိစ္ဆာလူမျိုးခြား ပုဏ္ဏားတွေ ကြောင့် လို့
သိပြီး သူတို့ ကို မသတ်ပါဘူး ဒါပေမယ့် တိုင်းပြည်ကနေနှင်ထုတ်လိုက်တယ်
အဲဒီကြမှ ဟံသာဝတီမြို့ ကြီးဟာ ဗုဒ္ဓဘာသာကိုပြန်ကိုးကွယ်ခွင့်ရတယ်
မိန်းခလေးရဲ့ နာမည်က
တလထော် တဲ့ မွန်တိုင်းရင်းသူတစ်ယောက်ပါ
အဲဒီအချိန်ကသာ သူရဲကောင်းမလေး တလထော် သာ မ၇ှိခဲ့ရင် မင်းမင်း
နေထိုင်နေတဲ့ မြန်မာပြည်ကြီး သင်္ကးန်ရောင်တွေ မမြင်ရတော့ပါဘူး
ကုသိုလ်အကုသိုလ်ဆိုတာလဲ ခု လို သေချာ ဂဃနန သိမှာမဟုက်ပါဘူး
မိစ္ဆာလူမျိုးခြားတိုရဲ့ ဆုံးမမူ့ အောက်မှာ ဘယ်လောက်များ
အမိုက်ကြီးမိုက်နေကြမလဲမသိ လောကကြီးထဲရောက်ခိုက် မေတ္တာ တရားဆိုတာ
ဘာလဲလို့မှမသိတဲ့ သူတွေ လူဖြစ်ရကျိုးမနပ်ဘူး
ဘာပဲဖြစ်ဖြစ်
မေတ္တာ တရား ဆိုတာ လေးတော့ သိထားသင့်တယ်
မေတ္တာ တရားမရှိတဲ့ မသိတဲ့ သိအောင်သင်မပေးတဲ့ ဘာသာသာသနာ ဆရာ မိဘ ဆွေမျိုး
လူမျိုးတွေ ရှိနေသရွေ့  လောက ကြီးက ရန်ပွဲတွေ မဆဲနိုင်သေးပါ
ကျိုက်ထိုသားလေး နိုင်ဝင်းဘလောက် ကိုလာလည်ကြသောသူငယ်ချင်းများ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျမ်းမာချင်းနှင်ပြည့် ဆုံနိုင်ကြပါစေ လို့ ကျိုက်ထိုသားလေး နိုင်ဝင်းမှဆုတောင်းပေးလိုက်ပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment