
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
ဘောလုံးမန်နေဂျာတွေတော်တော်များမယ်လို့ ကျွန်တော်ထင်တယ်ဗျ။ ဘာကြောင့်လဲ
ဆိုတာ့ ဘောလုံးပွဲတစ်ပွဲကို လက်ဖက်ရည်ဆိုင်မှာကြည့်မယ်ဆိုရင် ဟာဟိုကောင်က
ဟိုကိုမပေးဘူး။ ဒီကောင်က ဒီလိုမကန်ဘူးဆိုပြီး နည်းပြလုပ်နေကြတဲ့သူတွေတော်တော် များများကိုတွေ့ နေရပါတယ်။ အဲ့ဒါကြောင့်
တိုက်ဆိုင်မယ်ထင်လို့ ကျွန်တော်ဒီ game
လေးကို တင်ပေးလိုက်ပါတယ်။ ဒီ game လေးက ကိုယ်ကိုယ်တိုင် မန်နေဂျာလုပ်ရတာဖြစ်တဲ့အတွက် ဘောလုံး အကြောင်းကို ဖွတ်ဖွတ်ကြေအောင်
ကျွမ်းကျင်ကြတဲ့ မိတ်ဆွေတို့ အတွက်တော့ အကောင်းဆုံး game လေးတစ်ခုပါပဲ။



